သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

ဒက္ကားမြို့ရှိ ငါးထပ်အဆောက်အဦတစ်ခုတွင် ပေါက်ကွဲမှုကြောင့် လူ ၁၁ ဦး သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 7.3k

နိရဉ္စရာ၊ မတ် ၇/၂၀၂၃ (နိုင်ငံတကာ)

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒက္ကားမြို့ရှိ ငါးထပ်အဆောက်အဦတစ်ခုတွင် ယနေ့မွန်းလွဲပိုင်းက ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့မှုကြောင့် လူ ၁၁ ဦး သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

 

ပေါက်ကွဲသည့် အဆောက်အဦမှာ ဒက္ကားမြို့၊  Gulistan ရပ်ကွက် ရှိ BRTC ဘတ်စ်ကားကောင်တာအနီး ငါးထပ်အဆောက်အအုံ ဖြစ်သည်ဟု ဆိုသည်။

 

ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၁ ဦး သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သက်ဆိုင်ရာက အတည်ပြုသည်။

 

အခင်းဖြစ်ပွားရာနေရာသို့ မီးသတ်တပ်ဖွဲ့ ၁၁ ဖွဲ့က ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း မီးသတ်ဌာနမှ တာဝန်ကျအရာရှိ Rashed Bin Khaled က ပြောသည်။

 

ဒဏ်ရာရသူ အယောက် ၂၀ ကို  ဒက္ကားမြို့ ဆေးကကောလိပ်  (Dhaka Medical College) ဆေးရုံသို့ ခေါ်ဆောင်သွားခဲ့ကြောင်း DMCH ရဲစခန်းမှ စခန်းမှူး Bacchu Miah က ပြောကြားခဲ့သည်။

 

ပေါက်ကွဲရတဲ့ အကြောင်းရင်းကို ချက်ချင်း မသိရသေးပါဘူး၎င်းက ပြောသည်။

 

ပေါက်ကွဲမှုကြောင့် အနီးအနားရှိ အဆောက်အဦတချို့ကို ထိခိုက်မှုရှိခဲ့ပြီး လူအများအပြားသည် အဆောက်အအုံ၏ မြေအောက်ခန်းများတွင် ပိတ်မိနေမည်ကို စိုးရိမ်ကြောင်း မျက်မြင်သက်သေများက ပြောသည်။

 

Ref: Dhaka Tribune

ဆက်စပ် သတင်းများ