သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

ဂျပန်မျိုးဆက်သစ် H3 ဒုံးပျံ လွှတ်တင်ပြီး မိနစ်ပိုင်းအတွင်း ဖောက်ခွဲဖျက်ဆီးပစ်လိုက်ရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 1.7k

နိရဉ္စရာ၊ မတ် ၈/၂၀၂၃ (နိုင်ငံတကာ)

 

ဂျပန်နိုင်ငံက မျိုးဆက်သစ် H3 ဒုံးပျံကို မတ်လ(၇)ရက်နေ့က စမ်းသပ်ပစ်လွှတ်ခဲ့ရာ အောင်မြင်မှု မရရှိခဲ့ဘဲ ပစ်လွှတ်ပြီး မိနစ်ပိုင်းအတွင်းမှာပင် ကွန်ပျူတာအမိန့်ပေးစနစ်ဖြင့် ဖောက်ခွဲဖျက်ဆီး ပစ်လိုက်ရသည်ဟု သိရသည်။

 

လွှတ်တင်ပြီးနောက် ဒုံးပျံ၏ ဒုတိယဆင့် အင်ဂျင်မှာ အလုပ်မလုပ်သဖြင့် အလိုအလျောက် ဖောက်ခွဲစနစ်ဖြင့် ဒုံးပျံကို ဖျက်ဆီးလိုက်ရခြင်းဖြစ်သည်။

 

ဂျပန်၏ ယခု ဒုံးပျံစမ်းသပ်မှုမှာ ဒုတိယမြောက်ဖြစ်ပြီး ပထမအကြိမ် ဖေဖော်ဝါရီလက စမ်းသပ်ခဲ့ရာတွင်လည်း အောင်မြင်မှု မရခဲ့ပေ။

 

ယခုကဲသို့ မအောင်မြင်သော စမ်းသပ်မှုအခြေအနေကြောင့် ဂျပန်၏ အနာဂတ် အာကာသအစီအစဉ် အပေါ် များစွာထိခိုက်ခဲ့ရသည်။

 

ဂျပန်၏ မျိုးဆက်သစ် H3 ဒုံးပျံမှာ အီလွန်မတ်စ်၏ SpaceX Falcon 9 ဒုံးပျံကို ယှဉ်ပြိုင်ရန် ဂျပန်အာကာသ စူးစမ်းလေ့လာရေး အေဂျင်စီ( Space Exploration Agency) (Jaxa) က အကောင်အထည်ဖော် ဆောင်ရွက်နေသော အာကာသထဲသို့ ဒုံးပျံပစ်လွှတ်ပို့ဆောင်ရေး အစီအစဉ် ဖြစ်သည်။

 

ဂျပန်၏ H3 ဒုံးပျံက အီလွန်မတ်စ်၏ Falcon 9 ထက် ပိုငယ်ပြီး ကမ္ဘာပတ်လမ်းကြောင်းအတွင်းသို့ အစိုးရပိုင် ဂြိုလ်တုများနှင့် ကုန်စည်များကို စျေးသက်သက်သာသာ နှင့် ပို့ဆောင်နိုင်ရန် ရည်ရွယ်သည်ဟု သိရသည်။

 

 ဒုံးပျံစမ်းသပ်မှုသာ အောင်မြင်ပါက ကမ္ဘာပတ်လမ်းကြောင်းအတွင်းသို့ တစ်နှစ်လျှင် ခြေက်ကြိမ်ပစ်လွှတ်ပို့ဆောင်ရန် စီစဉ်ထားသည်။

 

မတ်လ(၇)ရက်နေ့ ဒုံးပျံပစ်လွှတ် စမ်းသပ်မှု မအောင်မမြင်ဖြစ်ပြီးနောက် အိုဆာကာ တက္ကသိုလ် အာကာသ မူဝါဒဆိုင်ရာ ပါမောက္ခ ဟီရိုတာကာ ဝါတာနာဘေးက ဒီတစ်ကြိမ်မအောင်မြင်မှုက ဂျပန်ရဲ့ အနာဂတ်အာကာသ အစီအစဉ်တွေအပေါ် အများကြီး ထိခိုက်နစ်နာမှု ရှိရပါတယ်ဟု ပြောဆိုခဲ့သလို ဂျပန် သိပ္ပံဝန်ကြီး ကီကို နာဂါအိုကာကလည်း ယခု စမ်းသပ်မှု မအောင်မြင်ရခြင်းကို လေ့လာစုံစမ်းမှုပြုလုပ်မည်ဟု ပြောကြားခဲ့သည်။

NN-27

Ref:Reuters

ဆက်စပ် သတင်းများ