သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

အိန္ဒိယအတိုက်အခံခေါင်းဆောင် ရာဟူးဂန္ဒီအား ဝန်ကြီးချုပ် မိုဒီကို သူခိုးဟု ပြောဆိုခဲ့မှုဖြင့်ထောင်ဒဏ် (၂)နှစ် ပြစ်ဒဏ်ချမှတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 8.1k

နိရဉ္စရာ၊ မတ် ၂၃/၂၀၂၃ (နိုင်ငံတကာ)

 

အိန္ဒိယနိုင်ငံ၏ အတိုက်အခံခေါင်းဆောင်၊ ကွန်ဂရက်ပါတီဥက္ကဋ္ဌရာဟူးဂန္ဒီအား ဝန်ကြီးချုပ် နာရင်ဒရာ မိုဒီကို သူခိုးဟု ပြောဆိုဝေဖန်ခဲ့မှုအတွက် အသရေဖျက်မှုပုဒ်မဖြင့် ထောင်ဒဏ်(၂)နှစ် ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သိရှိရသည်။

 

 ၂၀၁၉ခုနှစ်က ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလအတွင်း ရာဟူးဂန္ဒီက မိုဒီ၏ နာမည်ရင်းကို ရွတ်ဆိုပြီး သူခိုးဟု ဟောပြောခဲ့မှုဖြင့် ဂူဂျာရတ်ပြည်နယ်တရားရုံးက တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

 

ရာဟူးဂန္ဒီအနေဖြင့် ချက်ချင်း ထောင်သွင်းအကျဉ်းချခံရဦးမည်မဟုတ်ဘဲ ရက်(၃၀)အတွင်း အာမခံဖြင့် အယူခံဝင်နိုင်သည်ဟု သိရသည်။

 

ွေးကောက်ပွဲကျင်းပရန် တစ်နှစ်အလိုတွင် ပြုလုပ်သည့် အဆိုပါတရားခွင်သို့ ရာဟူးဂန္ဒီကိုယ်တိုင် တက်ရောက်လာခဲ့သည်။

 

၂၀၁၉ခုနှစ်က ကာနာတာကာပြည်နယ်တွင် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးဟောပြောစဉ် ရာဟူးဂန္ဒီကဘာ့ကြောင့် သူခိုးတွေအားလုံးရဲ့ နာမည်ရင်းမှာ မိုဒီ ပါနေရသလဲဗျာ။ နီရက်ဗ် မိုဒီ၊ လာလစ် မိုဒီ၊ နာရင်ဒရာ မိုဒီ ဟု ပြောဆိုခဲ့သည်။

 

နာရက်ဗ် မိုဒီမှာ ဝရမ်းပြေး အိန္ဒိယ စိန်သူဌေးတစ်ဦး ဖြစ်ပြီး လာလစ်မိုဒီက အိန္ဒိယခရစ်ကက် အဖွဲ့အဖွဲ့၏ တစ်သက်တာ ပိတ်ပင်တားမြစ်ခံရသော ပရီးမီးယားလိဂ်အကြီးအကဲဟောင်းဖြစ်သည်။

 

အမှုကို ပထမဆုံး တရားစွဲဆိုခဲ့သူမှာ အာဏာရဘာရတိယဂျာနာတာပါတီအမတ် ပါနက်ရှ်မိုဒီ ဖြစ်သည်။

 

ာဟူးဂန္ဒီ၏ ဟောပြောမှုမှာ မိုဒီအသိုင်းအဝန်းတစ်ခုလုံးကို အသရေဖျက်ရာ ရောက်သည်ဟု ဆိုသည်။

 

ဥပဒေပညာရှင် ဂေါ်တန် ဘာတီယ က လူတစ်ယောက်ရဲ့ မျိုးရိုးနာမည်ရင်းကို ပြောတာဟာ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို တိုက်ရိုက်မရည်ညွှန်းဘူးဆိုရင် အရေးယူလို့ မရပါဘူးဟု တွစ်တာတွင် ရေးသားခဲ့သည်။

 

 လူတစ်ယောက်က ရှေ့နေအားလုံး သူခိုးတွေပါလို့ ပြောလာတိုင်း ကျွန်တော့်ကို ပြောတာလို့ အထောက်အထား မရှိဘဲ သူ့ကို အသရေဖျက်မှုနဲ့ ကျွန်တော်တရားစွဲလို့မရပါဘူး၊ကွန်ဂရက်ပါတီက ရာဟူးဂန္ဒီအမှုနှင့်ပတ်သက်၍ အယူခံဝင်သွားမည်ဟုဆိုသည်။

 

 ရာဟူးဂန္ဒီက လူသိရှင်ကြား တစ်စုံတရာ ထုတ်ဖော်ပြောဆိုခြင်းမရှိသော်လည်း သူ၏ တွစ်တာပေါ်တွင်မူ ဟိန္ဒီဘာသာဖြင့် ကျွန်တော့်ရဲ့ ဘာသာရေးဟာ အမှန်တရား နဲ့ အကြမ်းမဖက်ရေးမူဝါဒ ပါ။ အမှန်တရားဟာ ဘုရား ဖြစ်ပြီး အကြမ်းမဖက်ရေးဟာ ဘုရားဖြစ်ဖို့ အားထုတ်ရာလမ်းကြောင်းပါဟု ရေးသားခဲ့သည်။

 

 ရာဟူးဂန္ဒီ၏ အကျိုးဆောင်များက အချက် လေးချက်ကို အခြေခံပြီး ရာဟူးဘက်မှ ကာကွယ်သွားမည်ဟု ဆိုသည်။

 

ပထမအချက်အနေနဲ့ ရာဟူးဂန္ဒီဟာ ဂူဂျာရက်ပြည်နယ်သားတစ်ဦး မဟုတ်ပါဘူး၊ ဒါ့ကြောင့် အယူခံမဝင်ခင် ဒီအချက်ပြန်စစ်ဆေးခိုင်းပါမယ်။ ဒုတိယအချက်အနေနဲ့ ဒီဒေသမှာ မိုဒီ အမည်နဲ့ လူတွေ မရှိပါဘူး။ တတိယအချက်အနေနဲ့ နာမည်ရင်း မိုဒီ နဲ့ ဆက်စပ်နေတဲ့ အသိုင်းအဝန်းမရှိပါဘူး။ စတုတ္ထအနေနဲ့ ရာဟူးရဲ့ ဟောပြောချက်မှာ တစ်စုံတစ်ဦးကို ထိခိုက်နစ်နာစေလိုတဲ့ သဘောမပါဘူး ဆိုတာပါ

 

 အိန္ဒိယနိုင်ငံ၏ အသရေဖျက်မှု ရာဇဝတ်ဥပဒေမှာ ဗြိတိသျှကိုလိုနီခေတ်က ရေးဆွဲထားသော ဥပဒေဖြစ်ပြီး အများဆုံး ထောင်ဒဏ်(၂)နှစ်၊ သို့မဟုတ် ဒဏ်ငွေ၊ ဖြစ်စေ ပြစ်ဒဏ်နှစ်ရပ်စလုံး ဖြစ်စေ ကျခံရနိုင်သည်။

NN- 27

ref:BBC World

ဆက်စပ် သတင်းများ