သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

အပြာမင်းသမီး ဒန်နီယယ်အား နှုတ်ပိတ်ခဒေါ်လာ၁၃၀၀၀၀လာဘ်ထိုးခဲ့မှုဖြင့် သမ္မတဟောင်းဒေါ်နယ်ထရန့်အား ရာဇဝတ်မှုဖြင့်တရားစွဲဆိုလိုက်ပြီ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၁ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 1.4k

နိရဉ္စရာ၊ မတ် ၃၁/၂၀၂၃ (နိုင်ငံတကာ)

 

နယူးယောက် တရားသူကြီးအဖွဲ့က အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်ကို ရာဇဝတ်မှုဖြင့် ဖမ်းဆီးတရားစွဲရန် ဆုံးဖြတ်လိုက်ပြီးနောက် ထရန့်သည် အမေရိကန်သမိုင်းတွင် ပထမဦးဆုံး ရာဇဝတ်မှုဖြင့် တရားစွဲဆိုခံရသော သမ္မတတစ်ဦး ဖြစ်လာသည်။

 

ဒေါ်နယ်ထရန့်သည် ၂၀၁၆ခုနှစ် ရွေးကောက်ပွဲအကြိုကာလက အပြာမင်းသမီး စတွမ်မီ ဒန်နီယယ် ကို နှုတ်ပိတ်ခအဖြစ် ဒေါ်လာ (၁၃၀၀၀၀) ပေးအပ်ခဲ့သည်။

 

ထရန့် နှင့် အပြာမင်းသမီး ဒန်နီယယ်တို့ ၂၀၀၆ခုနှစ်က လိင်ကိစ္စပတ်သက်ခဲ့သည့် ဗီဒီယိုဖိုင်ကို ၂၀၁၆ ရွေးကောက်ပွဲကြိုကာလအတွင်း ဒန်နီယယ်က မီဒီယာအချို့ထံ ဆက်သွယ်ပြီး ဖွင့်ချရန်ကြိုးပမ်းနေစဉ် ထရန့်က သူ၏ ရှေ့နေမှတစ်ဆင့် နှုတ်ပိတ်ခ ပေးအပ်ခဲ့ခြင်းဖြစ်သည်။

 

ထရန့်၏ ရှေ့နေဟောင်း မိုက်ကယ် ကိုဟင်က ထရန့်ကိုယ်စား ဒန်နီယယ်အား ဒေါ်လာ(၁၃၀၀၀၀) ပေးခဲ့ပြီးနောက်ပိုင်း ထိုငွေကို စာရင်းလိမ်ပြကာ ပြန်လည်ရယူခဲ့ကြောင်း ၂၀၁၉ခုနှစ် ကွန်ဂရက်တွင် တင်ပြခဲ့သည်။

 

ထိုအကြောင်းကို မိုက်ကယ် ကိုဟင်က တရားသူကြီးများ ရှေ့မှောက်တွင် ထွက်ဆိုခဲ့သည်။

 

ယခုကဲ့သို့ တရားစွဲမှုကြောင့် လာမည့် ၂၀၂၄ အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ရီပတ်ဘလစ်ကင် ကိုယ်စားပြုရွေးချယ်ခံမည့် ဒေါ်နယ်ထရန့်အတွက် အဟန့်အတားဖြစ်သွားသည်။

 

ဒေါ်နယ်ထရန့်အား အခြားရာဇဝတ်ပြစ်မှုကြီးများဖြင့်လည်း တရားစွဲဆိုရန်ပြင်ဆက်နေရာ လာမည့်ရပ်အတွင်း အမှုစာရင်း ကြေညာဖွယ်ရှိသည်ဟု သိရသည်။

 

ြီးခဲ့သည့် မတ်လ(၁၈)ရက်နေ့က ထရန့်က ဒန်နီယယ်အမှုနှင့် ပတ်သက်ပြီး သူဖမ်းဆီးခံရတော့မည်ဟု ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် သူ့အားထောက်ခံသူများအား ဆန္ဒပြကြရန် နှင့် တစ်နိုင်ငံလုံး အုံကြွဆူပူရန် တိုက်တွန်းခဲ့သည်။

 

ထိုသို့ ထုတ်ဖော်ပြောဆိုပြီးနောက် ဆန္ဒပြပွဲများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်ပြီး ထရန့်၏ အမှုစစ်ဆေးမှု ခေတ္တရပ်ဆိုင်းနေခဲ့ပြီးနောက် နယူးယောက်တရားသူကြီးအဖွဲ့(jury)က တရားစွဲဆိုရန် ယခုကဲ့သို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

 

ယခုတရားစွဲမှုနှင့်ပတ်သက်ပြီး ထရန့်ဘက်က တစ်စုံတရာ ထုတ်ဖော်ပြောဆိုခြင်းမရှိသေးသော်လည်း ၄င်း၏ သားဖြစ်သူ အဲရစ် ထရန့်က အတိုက်အခံအပေါ် နိုင်ငံရေးအရ အခွင့်ကောင်းယူ တိုက်ခိုက်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

 

ဒေါ်နယ်ထရန့်သည် ဂျော်ဂျီယာတွင် ၂၀၂၀ ရွေးကောက်ပွဲအငြင်းပွါးမှု နှင့် ၂၀၂၁ခု၊ ဇန်နဝါရီ(၆)ရက် အမေရိကန်လွှတ်တော်အား သူ၏ ထောက်ခံသူများ ဝင်ရောက် စီးနင်းမှု တို့အတွက်လည်း စစ်ဆေးခံနေရပြီး တရားစွဲဆိုခံရဖွယ် ရှိနေသည်။

 

၂၀၂၄ သမ္မတရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေသော ထရန့်က ယခုကဲ့သို့ အမှုဖွင့်စစ်ဆေးနေခြင်း သည် တရားခံရှာပြီး နိုင်ငံရေးလုပ်ကြံရန် ကြိုးပမ်းနေမှုသာဖြစ်သည်ဟု ပြောကြားခဲ့သည်။

 

NN-27

 ref: Bangkok post.

ဆက်စပ် သတင်းများ