- Web Master
- ၀၈ ဧပြီ ၂၀၂၄
ဗင်နီဇွဲလားနိုင်ငံတောင်ပိုင်းတွင် တနင်္ဂနွေနေ့က ရွှေမိုင်းတွင်းတစ်ခု ရေကြီးပြီး ပြိုကျခဲ့ရာ အနည်းဆုံး လူ ၁၂ ဦးသေဆုံးသည်ဟု အာဏာပိုင်များက ပြောကြားသည်။
ဗင်နီဇွဲလားနိုင်ငံ၊ ဗိုလီဗာပြည်နယ်၊ အယ်လ် ကယ်လာအိုရှိ တယ်လာဗီရာ မိုင်းတွင်းတွင် ဗုဒ္ဓဟူးနေ့က မိုးအကြီးအကျယ်ရွာသွန်းပြီးနောက် ရေလွှမ်းမိုးမှုဖြစ်ပွါးခဲ့သည့်အတွက် စနေနေ့အထိ ကယ်ဆယ်ရေး လုပ်သားများ အချိန်မီ ကယ်ဆယ်ရေး မလုပ်နိုင်ခဲ့ပေ။
စုစုပေါင်း လူ ၁၁၂ ဦးကို အချိန်မီ ကယ်တင်နိုင်ခဲ့သော်လည်း ကျန်သူများ မည်မျှ အသက်ရှင်ကျန်သည်ကို မသိရှိရဟု ဆိုသည်။
တာလာဗီရာရှိ ရွှေတွင်းများမှာ ပုံမှန်မဟုတ်သော ရွှေရှာသူသူများကြောင့် အဖွင့် ရွှေတွင်းများဖြစ်သည်။ ထိုနေရာကို အိုရီနိုကို ရွှေတွင်းဟု လူသိများကြသည်။
ကုလသမဂ္ဂက ထိုဒေသတွင် လူ့အခွင့်ရေးချိုူဖောက်မှုများရှိနေသည်ဟု သတိပေးသလို အဖွဲ့အစည်းများနှင့် အကျိုးဆောင်အဖွဲ့များကလည်း သတိပေးမှုများ ရှိခဲ့သည်။
NN-27
ref:bdnews24.com