- Web Master
- ၀၆ အောက်တိုဘာ ၂၀၂၄
သိန်းဇော် (မောင်တော)
စစ်တွေ၊ နိုဝင်ဘာ ၉ / ၂ဝ၁၉
ရခိုင်ပြည်နယ် မြေပုံမြို့နယ်အတွင်း တပ်မတော်ဘက်မှ ရဟတ်ယာဉ် ၃ စီးဖြင့် လာရောက်ပစ်ခတ်ခဲ့သည်ဟု သတင်းရရှိသည်။
မြေပုံမြို့နယ် ရွာသာယာကျေးရွာ အရှေ့မြောက်ဘက်ရှိ တောင်တန်းများကို ယနေ့ နိုဝင်ဘာလ ၉ ရက်နေ့ နံနက် ၁ဝ နာရီခွဲခန့်မှစတင်ပြီး တပ်မတော်ဘက်မှ ရဟတ်ယာဉ် ၃ စီးဖြင့် မိနစ် ၂ဝ ခန့်အကြာ ပစ်ခတ်မှုများ ရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။
ရွာသာယာကျေးရွာမှ ရွာလူကြီးတစ်ဦးက “ဒီနေ့ ကျနော်တို့ရွာရဲ့အထက်ဘက်မှာ တိုက်ပွဲဖြစ်တာလည်း မရှိ။ စစ်ကြောင်းတက်လို့လည်း မရှိဘူး။ သူတို့က သီးသန့် တမင်တကာလာပြီး ပစ်တာပါ။ ရွာသူရွာသားတွေ ဝါးခုတ်သစ်ခုတ် တက်သွားတာတောင် အထိအခိုက်မရှိလို့ ကံကောင်း။”ဟု ပြောသည်။
ဆက်လက်ပြီး မြေပုံမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းအား ယနေ့ညနေ ၅ နာရီခန့်က ဆက်သွယ်မေးမြန်းရာ ၄င်းကလည်း မြန်မာ့တပ်မတော်ဘက်က ထိုသို့ ရဟတ်ယာဉ်သုံး တိုက်ခိုက်ခဲ့သည်ကို ဒေသခံကျေးရွာသားများက သတင်းပေးပို့ချက်အရ ကြားသိရကြောင်း ပြောဆိုသည်။
“အဲဒီဘက်က ဒေသခံတွေက ပြောပြချက်အရ ဒီနေ့
မနက်ပိုင်း ၁၁ နာရီမထိုးခင် ၅ မိနစ်အလိုလောက်က သတင်းပို့တာပါ။
မြေပုံမြို့နယ် ရွာသာယာ အရှေ့ဘက် ၈ မိုင်လောက်အကွာ တောထဲတွေကို ရဟတ်ယာဉ်
သုံးစီးနဲ့ လာပြီးတော့ ဗုံးကြဲတိုက်ခိုက်တယ်ဆိုပြီးတော
ထိုကိစ္စနှင့် ပတ်သက်ပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ပထမတန်းစစ်ဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက ၄င်းနေရာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရဟတ်ယာဉ် လေ့ကျင့်ပျံသန်းခြင်းသာရှိသည်ဟု ပြောသည်။
------------------------------
Unicode Version