- Web Master
- ၀၆ အောက်တိုဘာ ၂၀၂၄
နိရဥ္စာ၊ မေ ၂၉/ ၂ဝ၂ဝ
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မယူကမ်း သဇင်မြိုင်နယ်ခြားစောင့်ကင်းစခန်းကို AA က ယနေ့ နံက်နက် ၂ နာရီကျော်က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။
တပ်မတော်ဘက်က ထုတ်ပြန်သည့် သတင်းတွင် ယနေ့ မေလ ၂၉ ရက် နံနက် ၂ နာရီခန့်က အေအေ မှ အင်အား ၁ဝဝ လောက်ဖြင့် လက်နက်ကြီးလက်နက်ငယ်များအသုံးပြုကာ အလုံးအရင်း ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းဖော်ပြသည်။
အခုလက်ရှိ အချိန်ထိ ရဲတပ်ဖွဲ့ဝင် ၁ဝ ဦး၊ ကလေးတစ်ဦးအပါအဝင် မိသားစုဝင် သုံးဦးပျောက်ဆုံးနေကြောင်း သတင်းတွင် ဖော်ပြသည်။
၎င်း သဇင်မြိုင်နယ်ခြားစောင့်စခန်းသည် ရသေ့တောင်မြို့နယ်၊ မယူကမ်း၊ စေတီပြင်ကျေးရွာမှ အနောက်မြောက်ဘက်တွင် တည်ရှိသည်ဟု သိရသည်။
အဆိုပါ တိုက်ပွဲနှင့် ပတ်သက်ပြီး သဇင်မြိုင်ကျေးရွာသို့ ဆက်သွယ်ရာ ကျေးရွာသား တစ်ဦးက သေနတ်ပစ်ခတ်သံများကို ညဉ့်အချိန် နံနက် ၂ နာရီခန့်မှ စတင်ကြားခဲ့ရပြီး ညဉ့် ၃ နာရီခွဲတွင် ရပ်တန့်သွားခဲ့သည်ဟု ပြောဆိုသည်။
“ ညဉ့် ၃ နာရီကျော်လောက်မှာတော့ ပစ်ခတ်သံတွေ ရပ်သွားပါတယ်။ ကြိုးကြား ကြိုးကြားပစ်သံတွေကိုတော့ မနက် ၅ နာရီကျော်ထိ ကြားရပါတယ်။ ညဉ့်ဆိုတော့ အဆောင်တွေ မီးလောင်တာတွေကိုလည်း မြင်ရပါတယ်။ အဆောင် သုံးဆောင်လောက် မီးလောင်သွားပါတယ်။ အခုရွာသားတွေလည်း ကြောက်ပြီး ပုန်းရှောင် နေရပါတယ်” ဟု ပြောကြားသည်။
လက်ရှိ အချိန်တွင် သေနတ်သံများ ရပ်တန့်နေပြီး အခြေအနေမှာ တိတ်ဆိတ်ငြိမ်သက်နေသည်ဟု ပြောကြားသည်။