- Web Master
- ၀၆ အောက်တိုဘာ ၂၀၂၄
နိရဉ္စရာ၊ မေ ၄/၂၀၂၁
ယမန်နေ့ည ၈နာရီ ကျော်က ဗန်းမော်ခရိုင် မံစီမြို့နယ် ရဲစခန်းအား ကေအိုင်အေမှ ဝင်ရောက်ပစ်ခတ်ရာလက်နက်ကြီးထိပြီး မြို့နယ်ရဲမှူး ဟိန်းထက်သေဆုံးသွားကြောင်း Kachinwaves က သတင်းဖော်ပြသည်။
" လက်နက်ကြီးနဲ့ အိမ်ကို ထုခံရပြီး သေသွား တာတဲ့။ သူ့ကို ပဲ ဦးတည်ပြီး လာပစ် သွား တာ" ဟု ဒေသခံတစ်ဦးက ပြောဆိုကြောင်း သတင်းတွင် ဖော်ပြထားသည်။
စခန်းမှူးမင်းမင်းလည်း ဒဏ်ရာရရှိကြောင်း ဒေသခံများကပြောသည်။
ပစ်ခတ်မှုဖြစ်ပွားပြီးနောက် လက်ကြီးသံများ တစ်ချက်တစ်ချက် ကြားနေရသေးကြောင်းလည်း ဒေသခံများက ပြောသည်ဟု ဆိုသည်။
(ဓာတ်ပုံ- သေဆုံးသွားသည့် မြို့နယ်ရဲမှူးဟိန်းထက်)