- Web Master
- ၀၆ အောက်တိုဘာ ၂၀၂၄
နိရဉ္စရာ၊ မေ၄/ ၂၀၂၁
ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ ကုန်းလောကျေးရွာအနီးတွင် မေ ၃ ရက် မနက်ပိုင်းက စစ်ရဟတ်ယာဉ်တစ်စီးကို ကချင် လွတ်လပ်ရေးတပ်မတော် KIA က ပစ်ချလိုက်သဖြင့် ပျက်ကျခဲ့ကြောင်း သတင်းရရှိသည်။
တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီးနောက် မြန်မာစစ်တပ်က တိုက်ခိုက်ရေး ရဟတ်ယာဉ် ကို KIA မှ ပစ်ချခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။
၎င်းနောက်ပိုင်း လက်နက်ကြီးကျည် ဘုန်းတော်ကြီးကျောင်းကို ထိမှန်၍ ကုန်လောကျေးရွာ မှ ဘုန်းကြီးတပါးပျံလွန်ခဲ့ပြီး၊ ရပ်လူကြီး ၂ ဦးနှင့် ကလေးငယ်လည်း သေဆုံးခဲ့ကြောင်း မိုးမောက်မြို့ဒေသခံမျာကို ကိုးကားပြီး သတင်းဖော်ပြသည်။
မြန်မာစစ်တပ်က ဂျက်တိုက်လေယာဉ်နှင့် ရဟတ်ယာဉ် နှစ်စီးဖြင့် လာပစ်ခဲ့ကြောင်း၊ မြန်မာစစ်တပ် တိုက်ခိုက်ရေး ရဟတ်ယာဉ်ကို (KIA) မှ လက်နက်ကြီးဖြင့် ပစ်ချလိုက်ခြင်းမှာ မှန်ကန်ကြောင်း၊ KIA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက သျှမ်းသံတော်ဆင့် ကို အတည်ပြု ပြောဆိုသည်။