- Web Master
- ၀၁ စက်တင်ဘာ ၂၀၂၄
ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်ရှိ တိုက်ခန်းတစ်ခုအတွင်းတွင် ရခိုင်အမျိုးသမီး ၂ ဦး အောက်တိုဘာ ၁၉ ရက်နေ့က အသတ်ခံရကြောင်း သိရသည်။
ယနေ့ အောက်တိုဘာ ၂၀ ရက်၊ နံနက်ပိုင်းက အသတ်ခံရသည့် ၎င်းအမျိုးသမီးနှစ်ဦး၏ အလောင်းကို တာမွေမြို့နယ်၊ ကျောက်မြောင်း၊ ဓမ္မစိန္တာလမ်းနှင့် နိဂြောဓလမ်းထောင့်၊ အိမ်နံပတ်(၁၅)၊ (၈) လွှာတွင် တွေ့ရှိခဲ့သည်ဟု တာမွေမြို့နယ် ကျောက်မြောင်းတွင်နေထိုင်သူ အသိမိတ်ဆွေအမျိုးသမီးတစ်ဦးက နိရဉ္စရာကိုပြောသည်။
" အသတ်ခံရတဲ့ နှစ်ဦးအထဲက ညီမဖြစ်တဲ့သူ ရုံးက ပြန်လာတဲ့ချိန်မှာ ဓားနဲ့ အချက်ပေါင်းများစွာ ထိုးသတ်ခံရတယ်လို့ ကြားတယ်။ သူကဆေးကုမ္ပဏီမှာ အလုပ်လုပ်တာ။ ပြန်လာတဲ့ချိန် မနေ့ကညနေဘက်မှာ အသတ်ခံရတာ။ အစ်မ ဖြစ်သူကို အရင် ဓားနဲ့ ထိုးသတ်ပြီး ညီမဖြစ်သူကို ရုံးက ပြန်လာတဲ့ အခါ သတ်တယ်လို့ သိရပါတယ်။ နှစ်ယောက်လုံးက ရခိုင်လူမျိုးတွေပါ။ သံတွဲဇာတိပါ" ဟုပြောသည်။
အသတ်ခံရသူ နှစ်ဦးတွင် အစ်မဖြစ်သူမှာ ဒေါ်မေရီတင် (၆၂)ဖြစ်ပြီး ညီမဖြစ်သူ၏ အမည်မှာ ဒေါ်မေစန္ဒာထွေး(အသက် ၄၀ ကျော်ခန့်) ဖြစ်ကာ ဆေးကုမ္ပဏီတစ်ခုတွင် လုပ်ကိုင်သည်ဟု ၎င်းက ပြောဆိုသည်။
" လှေကားသော့ခတ်ထားတယ်။သတ်တဲ့လူက
လူယုံသတ်တယ်လို့ကြားတယ်။ သူတို့အိမ်မှာ ငှားထားတဲ့လူတွေဆီမှာ သော့ရှိတယ်လို့ကြားတယ်။ သတ်သွားတဲ့သူက သူတို့နဲ့
ရင်းနှီးတယ်လို့ ပြောကြ
အစ်မဖြစ်သူ၏ အလောင်းအား ရေချိုးခန်းကြမ်းပြင်သွေးအိုင်ထဲတွင် ဓားနှင့် ထိုးသွင်းဒဏ်ရာ၊ ပြတ်ရှ ဒဏ်ရာများဖြင့် တွေ့ရှိကာ ညီမဖြစ်သူအားလည်း အလယ်အခန်းထဲတွင် ဓားဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရဟု အိမ်နီးနားချင်း မျက်မြင် အမျိုးသမီးတစ်ဦးက ပြောသည်။
ဗဟန်းမြို့နယ်၊ ကျိုက္ကဆံရပ်ကွက်မှ ရခိုင်အမျိုးသမီးတစ်ဦးက "သတင်းတွေ တက်လာတွေ့တယ်။ ပစ္စည်းတွေအလုခံရပြီးသတ်သွားတာ
လက်ရှိတွင် သတ်ဖြတ်သွားသူကို တာမွေရဲစခန်းတွင် ဖမ်းမိထားပြီဖြစ်ကြောင်း သိရှိရကာ အသတ်ခံရသူ အမျိုးသမီး ရုပ်အလောင်းကို ရေဝေးသုဿန်သို့ ပို့ဆောင်ထားကြောင်း သိရှိရသည်။
အဆိုပါ မှုခင်းကိစ္စနှင့် ပတ်သက်ပြီး တာမွေရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ ဆက်သွယ်မှု မရရှိသေးပါ။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်တွင် ယခင်ကထက်ပို၍ လုယက်မှုများ၊ ဖောက်ထွင်းမှုများနှင့် အငှားယဉ်များပေါ်တွင် သတ်ဖြတ်မှုခံရမှုများ၊ ခါးပိုက်နှိုက်၊ ဓားပြတိုက်မှုများ တစ်နေ့ထက်တစ်နေ့
ဆိုးရွားလာကြော
ဓာတ်ပုံ - လူမှုကွန်ရက်